ကနေဒါ
၁၃၇၃ ခု တန်ဆောင်မုံးလပြည့်ကျော် ၀၂ ရက်
(၁၂ နိုဝင်ဘာ ၂၀၁၁) စနေနေ့
မေး--- ဘုန်းဘုန်းဘုရား ငရဲဆိုတာဘယ်လိုပါလဲ-
ငရဲ ၈
ထပ်ကိုလည်းသိချင်ပါသည်၊
ဖြေ----နိရယ(နိ-အယ) အယ--ချမ်းသာ--နိ--မရှိ၊
ချမ်းသာသုခ ရခွင့်မရှိသောဘုံသညှ်ုရဲဖြစ်ပါသည်
၊ငရဲဟုခေါ်ပါသည်၊
ထိုငရဲသည်---၁။ သဉ္ဇိုဝ်း ၂။ကာဠသုတ်
၃။သံဃာတ ၄။ရောရုဝ ၅။ မဟာရောရုဝ ၆။ တာပန
၇။ မဟာတာပန ၈၊ အဝိစိ
ဟုရှစ်ထပ်ရှိပါသည်၊
ဤမြေပြင်၏အောက်၌ ယူဇနာပေါင်းတစ်သောင်းလေးထောင်ဝေးသောအရပ်မှစ၍
ယူဇနာ တစ်သောင်းငါးထောင်စီ ကွာခြားလျွှက် အထက် နှင့် အောက်တည်နေပါသည်၊
ဤ ၈ ထပ်တွင်
တစ်ထပ်တစ်ထပ်၌
၁။ ဘင်ပုပ်ငရဲ ၂။ ပြာပူငရဲ ၃။ လက်ပံတောငရဲ ၄။ သံလျှက်ရွက်တော်ငရဲ ၅။ ကြိမ်ပိုက်ချောင်းငရဲ
ဟု(ဥဿဒ)ခေါ် ငရဲငယ် ၅ ထပ်တံတိုင်းခတ်သလို
ရံပတ်၍နေပြန်၏ (ဒေဝဒူတသုတ်)
အရဆောင်ထား--သဉ္ဖိုဝ်း-ကာလ-သံဃာတ နှင့်ရောရုဝနှစ်-တာပန်နှစ် တွက်စစ်
အဝိစိ။ အထပ်တိုင်းမှာ ဘင်-ပြာ-လက်-သန်-ကြိမ်ပိုက်ရံ ငါးတန် ဥဿဒရှိ။ ဦးနန္ဒ၀ံသ (ထိုင်ဝမ်)
No comments:
Post a Comment