လိုတာရရှိ စိန္တာမဏိ ဘုရားရှိခိုး
စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓ ဗုဒ္ဓရတနာနံ။ကရံ ကရတိ သရဏံ ခိပ္ပမေဝ သမိဇ္ဈတု
စိန္တာမဏိ ရတနာနိ၊
ဓမ္မံ္ဓ ဓမ္မ္ဓရတနာနံ။ကရံ ကရတိ သရဏံ ခိပ္ပမေဝ သမိဇ္ဈတု
စိန္တာမဏိ ရတနာနိ၊
သံဃံ သံဃရတနာနံ။ကရံ ကရတိ သရဏံ ခိပ္ပမေဝ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ၊ ကြံတိုင်း
ဖန်တိုင်း ရပ်ဆိုင်းမရှိ အလိုရှိတိုင်း ပြီးပြည့်စုံစေနှိုင်သော
ရတနာတို့သည်၊ဗုဒ္ဓံ၊ ဘုရားတည်းဟူသော ရတနာတို့သာတည်း၊ဓမ္မံ၊
တရားတော်တည်း ဟူသောရတနာတို့သာတည်း၊သံဃံ၊သံဃာတော်တည်းဟူသောရတနာတို့သာတည်း၊ဗုဒ္ဓ ဓမ္မ
သံဃ ရတနာနံ။ ဘုရား တရား သံဃာတည်းဟူသောရတနာတို့ကို၊ သရဏံ၊
ကိုးကွယ်ဆည်းကပ်ပူဇော်ခြင်းကို၊ ဝါ--ဆီမီးအလှူ ရေချမ်းအလှူ ပန်းအလှူ သစ်သီးအလှူ ဆွမ်းဘောဇဉ် ချိုချင်ရသာအလှူတို့ဖြင့် လှူဒါန်းခြင်းပူဇော်ခြင်းကို၊ ကရံကရောန္တော
(ကရွမ်တော)ပြုသင့်ပြုထိုက်သည်ဖြစ်၍၊ဝါ-ပူဇော်သင့်ပူဇော်ထိုက်သည်ဖြစ်၍၊ ကရတိ၊
ပြုသောတပည့်တော်မ၏၊ဝါ-တပည့်တော်၏သန္တာန်၌၊
ဣစ္ဆာ၊လိုချင်အပ် တောင်းတအပ် တွေးတောအပ် မှန်းဆအပ် မျှော်လင့်ထားအပ်သည့်၊ လောကီကိစ္စ
လောကုတ္တရာကိစ္စ
အားလုံးသည်၊ခိပ္ပမေဝ၊လျှင်မြန်စွာသာလျှင်၊
သမိဇ္ဈတု၊တပည့်တော်မ-- လိုချင် တောင်းတ တွေးတော မှန်းဆ မျှော်လင့်ထားသည့်အတိုင်း
မဆိုင်းလျှင်စွာ ပြည့်စုံပါစေသတည်း။(တစ်နေ့ သုံးကြိမ်ရွတ်ဖတ်ပါ)
ဓမ္မလက်ဆောင် ၂၃-၁၂-၂၀၁၂- ဘုရား ၉ ဆူ
ခင်ပွန်းကြီး ၁၀ ပါးပွဲ ကနေဒါ
No comments:
Post a Comment