ဘဝကို အလှပြင်ပါ
(ကဏှဇာတ်)
အပြင်လှ အတွင်းလှ။ထိုနှစ်လှ၊ ဘယ်လှ သာ၍ မြတ်သနည်း။
ခန္ဓာကိုယ်တွင် ၊အလှဆင်၊အအိုတွင်လမ်းဆုံးသည်။
ခန္ဓာကိုယ်တွင် ၊အလှဆင်၊အနာတွင်လမ်းဆုံးသည်။
ခန္ဓာကိုယ်တွင် ၊အလှဆင်၊အသေတွင်လမ်းဆုံးသည်။
စိတ်ခန္ဓာတွင်၊ အလှဆင်၊မဂ်ဝင် ဖိုလ်ပေါက်သည်။
စိတ်လှ ရုပ်လှ ထိုနှစ်လှ စိတ်လှ သာ၍မြတ်ပါသည်။
အထုပ်ကြီးကိုတော့ တပြင်ပြင်၊ အထုပ်ရှင်သေလို့သွား၊ ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာတော့ အလကား ၊ဘာမှလဲ ပါမသွား၊ ပါစေချင်လျှင်
ယူ၍သွား။
ကိုယ့်ခန္ဓာပင်၊ကိုယ့်နောက်တွင်၊
အစဉ်မလိုက်ပါ။
သေပြီးရုပ်လောင်း၊ပုပ်ညှီဟောင်း၊တွင်းခေါင်းမြေ၌
မြှုပ်ရမှာ။
ပိုးစာ လောက်စာ မြေသြဇာ၊သေချာဖြစ်တော့မှာ။
ကိုယ်တိုင်ပြုထား၊ ကုသိုလ်များ၊ယူသွား ပါလာမှာ။
ကုသိုလ်ယူက၊ ရောက် ဘဝ၊ မှုချလှနေမှာ။
ဥစ္စာအကာ၊ အနှစ်ဟာ၊ ဒါနာ မြတ်ကုသိုလ်။
ငါးပါးရန်စု၊ ဆက်ဆံမှုကြောင့်၊ ပစ္စည်းဥစ္စာ၊
အဖြာဖြာ မှန်စွာ နှစ်မမည်။
ပစ္စည်းထဲမှ၊ ထုပ်ယူရ၊ ဒါန အနှစ်မည်။ (လောဘကို အလောဘနှင့်လဲပြီး အလှဆင်)
ခန္ဓာကိုယ်ဟာ ၊အကာသာ၊ သီလာ အနှစ်မည်။ (ဒေါသကို အဒေါသ (မေတ္တာ)နှင့်လဲပြီး)
အသက် အကာ၊ အနှစ်ဟာ၊ဘာဝနာဖြစ်လေသည်။ (မောဟ ကို အမောဟ (ပညာ နှင့်လဲပြီး)
သိကြားက ကဏှရသေ့ အကျင့်တရားကောင်း၍ လိုသောဆုတောင်းပါ
ပူဇော်ပါရစေဆို၍
(ရသေ့က မသိလို့မဟုတ် သိ၏ တရားဟောလို၍ ဆု ၆
ခုကိုတောင်းပါသည်)
အမျက်မထွက်ရပါလို၏။ စိတ်မဆိုးရပါလို၏။လောဘ
မဖြစ်ရပါလို၏။သူတစ်ပါးကိုမချစ်ရပါလို၏။
အနာရောဂါမဖြစ်ရပါလို၏။ကံသုံးပါးအပြစ်ကင်းရပါလို၏။
ရစေ ရစေ တဲ့--
ဦးနန္ဒဝံသ (မဟာထေရကဿပဓမ္မရိပ်သာ) ထိုင်ဝမ်
ကနေဒါ မဟာဓမ္မိကကျောင်း ဆည်းဆာ တရားပွဲ
ဒေါ်ကျင်လှိုင် - ဒေါ်မြမေ မိခင်ကြီးများ အမှူးထား၍
ကိုဂျေစင်+မမွှေးမွှေး သား အင်ဒရူး-စတီဗင် တို့၏
တရားအလှူ့တော်
၁၃၇၅ ခု နယုံလဆန်း ၁၄ ရက် (June 22/2013) စနေနေ့။
No comments:
Post a Comment