၁။
လောဘ--တရား၊ လွန်ကြီးမားက၊ ရှားပါးအစာ၊ ဒုဗ္ဘိက္ခာ နှင့်၊ တစ်ဖြာမိုးကြိုး၊
ရေဖျက်ဆိုးလျက်၊ သေပြီးနောက်တွင်၊ ပြိတ္တာခွင်သို့၊ ခိုဝင်ရောက်လတ်၊ ငတ်မွတ်တတ်၏၊
၂။
ဒေါသ--တရား၊ လွန်ကြီးမားက၊ ဓား လှံ သေနတ်၊ ထိုးပစ်ခတ် သည်၊ သတ္ထန္တရ၊
ကပ်ကြီးကျလျက်၊ မီးခပျက်စီး၊ တောက်လောင်ညီး ၍၊ သေပြီးကာလ၊ ငရဲကျ၏၊
၃။
မောဟ--တရား၊ လွန်ကြီးမားက၊
များပြားလှစွာ၊ ဘေးရောဂါတို့၊
ကိုယ်မှာကျရောက်၊ မွှေနှောက်လေပြင်း၊ တိုက်ခတ်ခြင်းကြောင့်၊ မယွင်းပျက်စီး၊ သေပြီးပြန်လစ်၊ တိရစ္ဆာန၊ ဘုံဘ၀မှာ၊
ဖြစ်တတ်စွာ၏။
လောဘ ဒေါသ၊ မောဟတရား၊ ကြောင်းဆိုးများကို၊
ပယ်ရှား လိုက၊ အသုဘ နှင့်၊ ဒါန မေတ္တာ၊ ပညာတရား လွန်တိုးပွားအောင်၊ ကြိုးစား၍သာ၊
အားထုတ်ရာ၏။
စနေဆည်းဆာတရားပွဲ မဟာဓမ္မိကကျောင်း ကနေဒါ
၁၃၇၃
တန်ဆောင်မုံးလ္ဆုပ် ၂ -၂၀၁၁ နိုဝင်ဘာ ၁၂ ရက်
No comments:
Post a Comment