Tuesday, 30 July 2013

Ordination Ceremony

Dear All EC Members,


You are cordially invited to attend the Ordination Ceremony by Bengali Family at Mahadhammika Temple. Please kindly see the attached file of invitation for more information.

Thanks.

Thursday, 25 July 2013

Funeral arrangement for (Daw Khin Aye Lwin)


Dear All,
 
Please see below funeral arrangement for (Daw Khin Aye Lwin).
 
Date:    :  July 27 (Saturday)
Time:   : 1:30 pm to 2:30 pm
             1:30 pm start with Buddhist Traditional prayers
             2:30 pm cremation
Place:  : Meadowvale Cemetery
            7732 Mavis Rd
            HWY 410 and 407
Friends and families are invited for "Yet lai" Soon Kway on Jul 31, Wednesday 
at 63 Lavender Place, Wood bridge, ON.
 
 
 
 
 

နာရေးသတင်း

ယနေ့ နံနက် (ဂျူလိုင်လ ၂၅ ရက်) ၇း၂၀ မိနစ်အချိန်လောက်တွင် မိမိတို့ မဟာဓမ္မိကကျောင်းတိုက်၏ဆွမ်းတကာမ နှင့် ကျောင်းတကာမကြီးဖြစ်သူ သဒ္ဓါကြည်လင်ပါရမီရှင်ဖြစ်သော မြန်မာ့အသံ ဒေါ်ခင်အေးလွင် ဘ၀တပါးသို့ ပြောင်းသွားကွယ်လွန်သွားပြီဖြစ်ကြောင်း ၀မ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။
 
 
 
 
 

မဟာဓမ္မိကကျောင်းတိုက်ရံပုံငွေဈေးရောင်းပွဲတော်ဖိတ်ကြားလွှာ Invitation to Burmese Food Fair Festival

မဟာဓမ္မိကကျောင်းတိုက်ရံပုံငွေဈေးရောင်းပွဲတော်ဖိတ်ကြားလွှာ

Invitation to Burmese Food Fair Festival

ဘုရင့်နောင်ရွတ်ဆိုသော ဂါထာ





ဇိနာတိ မာရာရိ၊ ဇိနောဒယာလယော
ဇိနုတ္တဓမ္မောစ၊ ဇိနေနပူဇိတော
ဇိနော ရသော နန္တ၊ ဇိနပသံသိတော
ဇိနောဒယောတေရိ၊ ဇိတေနမာမဟံ။

ဒယာလယော - မဟာဂရုဏာ၏တည်ရာဖြစ်တော်မှုထသော။ 
ဇိနော - ဘုရားမြတ်စွာသည်။ 
မာရာရိ - ဒေဝပုတ္တစသောမာရ်၊ ဆသတ္တာရ စသောရန်တို့ ကို။ 
ဇိနာတိ - အောင်တော်မှု၏။
ဇိနုတ္တဓမ္မောစ - ဘုရားမြတ်စွာ ဟောတော်မှုသောတရားတော်
ကိုလည်း။ 
ဇိနေန - ဘုရားမြတ်စွာသည်။ 
ပူဇိတော - ပူဇော်တော်မှုအပ်၏။
ဇိနောရသော - ဘုရားမြတ်စွာ၏ သားတော်ဖြစ်သော အရိယာပုဂိုလ်အပေါင်းကိုလည်း။ 
အနန္တဇိနိ - အတိုင်းမသိသော ကျေးဇူးတော်ရှိသော ဘုရားမြတ်စွာသည်။
ပသံသိတော - ချီးမွမ်းတော်မူအပ်၏။ 
အရိဇိတေ - ရန်သူတို့ ကို အောင်ကုန်ပြီးသော။
 တေဇိနာဒယော - ထိုဘုရားစသည်တို့ ကို။ 
အဟံ - ငါသည်။ 
နမာမိ - ရှိခိုးပါ၏။

Wednesday, 24 July 2013

ဥပါသက- ဥပါသိကတို့ ၏ ဂုဏ်အင်္ဂါများ



ဥပါသက- ဥပါသိက များပေါ်ထွန်းလာကြစေရန်ရည်ရွယ်
ဥပါသက- ဥပါသိကတို့ ၏ ဂုဏ်အင်္ဂါများကိုထုတ်
ဖေါ်ရေးသားပေးလိုက်ရပါသည်။
ဥပါသက- ဥပါသိကတို့ ၏ ဂုဏ်အင်္ဂါများမှာ
(၁) ရတနာမြတ်သုံးပါးအပေါ်ယုံကြည်သောသဓ္ဒါတရားရှိခြင်း
(၂) ငါးပါးသီလနှင့်ပြည့်စုံခြင်း
(၃) ကောတူဟလမင်္ဂလာကိုမယုံကြည်မလက်ခံခြင်း
(၄)မိမိ၏ကိုယ်ပိုင်ဥစ္စာဖြစ်သောကံတရားကိုသာယုံကြည်
လက်ခံခြင်း
(၅) သာသနာတော်မှတပါးအခြားပြင်ပမြတ်သောအလှူ
ခံပုဂ္ဂိုလ်ကို(အရိုအသေပြုထိုက်သောပုဂ္ဂိုလ်ကို)မရှာမှီးတော့ဘဲ ဤသာသနာတော်အတွင်း၌သာဦးဦးဖျားဖျား လှူဒါန်းမှုအရိုအသေပြုမှုစသည်တို့ ကိုပြုခြင်း ဟုသိအပ့်လှပါသည်။
ဥပါသက- ဥပါသိကတို့ ၏အသက်မွေးမှုနှင့်ပတ်သက်
(၁) လက်နက်ကုန်သွယ်မှု
(၂) လူကုန်သွယ်မှု
(၃) အသားကုန်သွယ်မှု
(၄) သေရည်သေရက်ကုန်သွယ်မှု
(၅) အဆိပ့်ကုန်သွယ်မှုတို့ ကိုမပြုလုပ့်ရန်တိတိကျကျညွှန်ပြ
ထားလေသည်။

Tuesday, 23 July 2013

ကိုယ့်လမ်းကို လျှောက်


အများအကျိုး၊ ရွက်သည်ပိုးက။
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။

( ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော် )

သြဝါဒပါတိမောက် နေ့ 

ငရဲဆိုတာဘယ်လိုပါလဲ



ကနေဒါ
၁၃၇၃ ခု တန်ဆောင်မုံးလပြည့်ကျော် ၀၂ ရက်
(၁၂ နိုဝင်ဘာ ၂၀၁၁) စနေနေ့

မေး--- ဘုန်းဘုန်းဘုရား ငရဲဆိုတာဘယ်လိုပါလဲ- ငရဲ    ထပ်ကိုလည်းသိချင်ပါသည်၊

ဖြေ----နိရယ(နိ-အယ) အယ--ချမ်းသာ--နိ--မရှိ၊  ချမ်းသာသုခ ရခွင့်မရှိသောဘုံသညှ်ုရဲဖြစ်ပါသည် ၊ငရဲဟုခေါ်ပါသည်၊
ထိုငရဲသည်---၁။ သဉ္ဇိုဝ်း  ၂။ကာဠသုတ်  ၃။သံဃာတ  ၄။ရောရုဝ    ၅။ မဟာရောရုဝ  ၆။ တာပန   ၇။  မဟာတာပန  ၈၊ အဝိစိ  ဟုရှစ်ထပ်ရှိပါသည်၊
       ဤမြေပြင်၏အောက်၌ ယူဇနာပေါင်းတစ်သောင်းလေးထောင်ဝေးသောအရပ်မှစ၍ ယူဇနာ တစ်သောင်းငါးထောင်စီ ကွာခြားလျွှက် အထက် နှင့် အောက်တည်နေပါသည်၊
    ထပ်တွင် တစ်ထပ်တစ်ထပ်၌
၁။ ဘင်ပုပ်ငရဲ  ၂။  ပြာပူငရဲ  ၃။ လက်ပံတောငရဲ  ၄။ သံလျှက်ရွက်တော်ငရဲ ၅။ ကြိမ်ပိုက်ချောင်းငရဲ ဟု(ဥဿဒ)ခေါ် ငရဲငယ် ၅ ထပ်တံတိုင်းခတ်သလို ရံပတ်၍နေပြန်၏ (ဒေဝဒူတသုတ်)
အရဆောင်ထား--သဉ္ဖိုဝ်း-ကာလ-သံဃာတ နှင့်ရောရုဝနှစ်-တာပန်နှစ် တွက်စစ် အဝိစိ။ အထပ်တိုင်းမှာ ဘင်-ပြာ-လက်-သန်-ကြိမ်ပိုက်ရံ ငါးတန် ဥဿဒရှိ။      ဦးနန္ဒ၀ံသ (ထိုင်ဝမ်)

ကဲ့ရဲ့လွတ်ထာ မရှိပါဘူး



ကဲ့ရဲ့လွတ်ထာ မရှိပါဘူး

ငြိမ်ငြိမ်နေသူကိုလဲ-ကဲ့ရဲ့တယ်၊
စကားများသူကိုလဲ-ကဲ့ရဲ့တယ်၊
ချင့်ချင့် ချိန်ချိန် ပြောသူကိုလဲ ကဲ့ရဲ့တယ်၊
အကဲ့ရဲ့ မခံရသူဆိုတာ လောကမှာ မရှိ၊

နတ္ထိ လောကေ အနိန္ဒိတော-- ဗုဒ္ဓ ဓမ္မပဒ

ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာ သူတို့ကြောင့်



     


၁။ လောဘ--တရား၊ လွန်ကြီးမားက၊ ရှားပါးအစာ၊ ဒုဗ္ဘိက္ခာ နှင့်၊ တစ်ဖြာမိုးကြိုး၊ ရေဖျက်ဆိုးလျက်၊ သေပြီးနောက်တွင်၊ ပြိတ္တာခွင်သို့၊ ခိုဝင်ရောက်လတ်၊  ငတ်မွတ်တတ်၏၊

၂။ ဒေါသ--တရား၊ လွန်ကြီးမားက၊ ဓား လှံ သေနတ်၊ ထိုးပစ်ခတ် သည်၊ သတ္ထန္တရ၊ ကပ်ကြီးကျလျက်၊ မီးခပျက်စီး၊ တောက်လောင်ညီး ၍၊ သေပြီးကာလ၊ ငရဲကျ၏၊

၃။ မောဟ--တရား၊   လွန်ကြီးမားက၊ များပြားလှစွာ၊  ဘေးရောဂါတို့၊
ကိုယ်မှာကျရောက်၊  မွှေနှောက်လေပြင်း၊  တိုက်ခတ်ခြင်းကြောင့်၊   မယွင်းပျက်စီး၊ သေပြီးပြန်လစ်၊ တိရစ္ဆာန၊ ဘုံဘ၀မှာ၊ ဖြစ်တတ်စွာ၏။

     လောဘ ဒေါသ၊ မောဟတရား၊ ကြောင်းဆိုးများကို၊ ပယ်ရှား လိုက၊ အသုဘ နှင့်၊ ဒါန မေတ္တာ၊ ပညာတရား လွန်တိုးပွားအောင်၊ ကြိုးစား၍သာ၊ အားထုတ်ရာ၏။

စနေဆည်းဆာတရားပွဲ  မဟာဓမ္မိကကျောင်း ကနေဒါ
၁၃၇၃ တန်ဆောင်မုံးလ္ဆုပ် ၂ -၂၀၁၁ နိုဝင်ဘာ ၁၂  ရက်